အိမ်မဲမြို့နယ် အ-ထ-က (ခွဲ) သရက်ပင်ကွင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သရက်ပင်ကွင်းကျေးရွာ၊ အ-ထ-က(ခွဲ) သရက်ပင်ကွင်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ()နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ်-ထ-က(ခွဲ) သရက်ပင်ကွင်းကျောင်းအုပ်ဆရာကြီး ဦးညီညီမင်းမောင် ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ လူငယ်နှင့် ရည်မှန်းချက်၊စာပေဖတ်ရှုခြင်း၏အကျိုး၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊   အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုး၊ လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး အကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်ပြီးလူကုန်ကူးမှုအန္တရာယ်အကြောင်း လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ အဆိုပါကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသော မောင်သူရိန်စိုး၊ မောင်ဟိန်းသူဖြိုး၊ မခင်နှင်းဆီ၊ မမေမြတ်နိုးတို့က ဦးဆောင်ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက်လာသော ကျောင်းသား/သူများက မေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းအတွက် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ သုတ၊ ရသ ရရှိစေမည် စာအုပ်စာစောင်များကို ပြသပေးခဲ့ကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ချစ်သက်လယ်