ဖျာပုံမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှု ကွင်းဆင်းစစ်ဆေး

ဖျာပုံ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများမှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာ ဌာနအလိုက်အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်ဝင်တစ်အိမ် ထွက် (Doot to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင် စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း ဦးဆောင်ကြီးကြပ်မှုဖြင့် မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များဖွဲ့၍ ရပ်ကွက်နှင့်ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ပဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ မပါဝင်သင့် သူများမပါဝင်စေရေးတို့အတွက် လိုအပ်သည့်ပုံစံများ ဖြည့်သွင်းဆောင်ရွက်နေမှုများအား စနစ်တကျလုပ်ဆောင်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်