ဒဂုံမြိူ့သစ် (တောင်ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဒဂုံတောင် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ နာရီက “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် အဖွဲ့၀င်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်စောင်ရေ (၀၀) ကို YBS ယဉ်ကျေးမှုကားမှတ်တိုင် အောင်မြင့်မိုရ်အိမ်ရာ အမှတ် (၇) YBS ကားဂိတ်နှင့် ၆၆ ရပ်ကွက် YBS ပိုင့်ထိပ်ကားမှတ်တိုင် စသည့်ပြည်သူများ စည်းကားရာနေရာများတွင် ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေဆောင်ရွက်ကြသည်။

အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်တွင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲပေးရန်အတွက် လှုံဆော်ရေး စာသားများဖြစ်သည့် “ဒီမိုကရေစီကို ပြန်လည်ဖော်‌ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့” အစရှိသည့် ဆောင်ပုဒ်များပါဝင်ပြီး မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လှုံ့ဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းအေး (ပြန်/ဆက်)