တောင်ဥက္ကလာပ ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေး မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ရာ မဲစာရင်းကျန်ရှိမှုများ မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးပါဝင်သည့် အဖွဲ့များဖွဲ့စည်းပြီး နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ကောက်ယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အနေဖြင့် တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးရေးအဖွဲ့များအလိုက် ရပ်ကွက်များသို့ ကွင်းဆင်း၍ တတိယအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကြေညာရာတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ မပါရှိစေရေးအတွက် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်သည့် ပြည်သူများအား ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ(၃)၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄)၊ မဲစာရင်းပါအချက်ပြင်ဆင်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ) ဖြင့် ဆောင်ရွက်နိုင်ရေးတိုက်ဆိုင်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)