ကျောက်ဆည်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည် ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးနိုင်ရေးအတွက် လက်ကမ်းစာစောင်များကို နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ အေးမြကြည်လင်ဈေး (ကျောက်ဆည်)၊ ဟံမြင့်မိုရ်ကျေးရွာအုပ်စု၊ ပုန်းညက်ကျေးရွာအုပ်စု (စျေးရွာကျေးရွာ)​၊ သမန္တလင်းကျေးရွာအုပ်စုများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်အထွေထွေဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)