သာကေတ ဒီဇင်ဘာ ၃
ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေးအစီအစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်လွဲ ညနေ (၄) နာရီအချိန်က ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၏ ကြီးကြပ်မှုဖြင့်ဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး သူရိန်ဇော်၊ ဦးညွှန့်ဝေနှင့် အဖွဲ့၀င်များ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်မှုအဖြစ် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ကိုမြင်တော်သာလမ်းမကြီးတစ်လျှောက် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှစေရေးအတွက် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါရှိသည့် လက်ကမ်းစာစောင်များကို နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်လှုံဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိရွှေစင်လတ်