လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြစ်သားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ပြည့်စုံမှုရှိနိုင်ရေး  door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေး

မြစ်သား ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်ပါ၍  မြစ်သားမြို့နယ်အတွင်းရှိ  ရေဝန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ ကသဲကုန်းကျေးရွာအုပ်စု၊ လက်ပံဆိပ်ကျေးရွာအုပ်စုများနှင့်မြို့ပေါ်ဘူတာရပ်ကွက်ကြီးသို့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်   ၁၂ နာရီခွဲက ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးပွဲကောက်ပွဲ အပိုင်း (၃) တွင် မဲပေးနိုင်ရေးအတွက် မဲစာရင်းဆိုင်ရာမှန်ကန်ပြည့်စုံနိုင်ရေး (door to door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာအုပ်စုများနှင့်ရပ်ကွက်များသို့ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်တိုက်နယ်မှူးများ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့များက ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများ၏ စာရင်းများမှန်ကန်စွာပြုစုနိုင်ရေး မဲစာရင်းပါဝင်နိုင်ရေး၊ မဲစာရင်းအတိုး/အလျော့များ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်း ကျန်ရှိမှုမရှိစေရေး၊ စာရင်းကွာဟမှုမရှိစေရေး door to door တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲစာရင်းကောက်ယူလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မဲစာရင်းများမှန်ကန်စေရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)