ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများအားကျန်းမာရေးအသိပညာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်

အလုံ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများအားကျန်းမာရေးအသိပညာ‌ ပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများကို ယနေ့နံနက် ၉ နာရီက စောရန်ပိုင်အနောက်ရပ်ကွက်၊ စကားစိမ်းလမ်းရှိ သာသနာ့အလင်းရောင်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ သမားတော်ကြီးများက ပြည်သူများအားကျန်းမာရေး အသိပညာ‌ပေးဟောပြောခဲ့ပြီး ဆေးကုသမှုများပေးခဲ့ပြီး တိုင်းရင်းဆေးများ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းကုသမှု‌ပေးရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကိုမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)