ရွှေသောင်ယံမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ မဲစာရင်းမကျန်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ရွှေသောင်ယံ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ်ကြေညာထားသော မဲစာရင်း၌ ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မကျန်ရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစစ်ဆေးကာ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လ​က်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေးပြည်ဝစွာ ရရှိစေရေး၊မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းခြင်းဖြစ်ကြောင်း မြေပြင်ကွင်းဆင်း၍ တစ်အိမ် တက်ဆင်း (Door to Door) ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်၍ မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီအဖွဲ့များ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးဆောင်ရွက်ကြသည်။

သို့ရာတွင် မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မိမိအမည်စာရင်း မပါဝင်သင့်ဘဲပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါကပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းလုပ်ငန်းများကို ဂရုတစိုက် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်