တာမွေ ဒီဇင်ဘာ ၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့ နေ့လယ်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ ပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်ရေး လက်ကမ်းစာစောင်တွင် “ရေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ” စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များနှင့် စတေကာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာမွေမြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လူစည်ကားရာ ကားမှတ်တိုင်များနှင့် ဈေးစသည့်နေရာများတွင် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မို့မို့အောင် (ပြန်/ဆက်)