ဖားကန့်မြို့၌ (၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာမေးပွဲကျင်းပ

ဖားကန့် ဒီဇင်ဘာ ၃

(၂၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာ‌မေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာ မေဓိကာရာမပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကဝိသာရ၊ ဝိနယာနုဂ္ဂဟစာမေးပွဲကျင်းပရေး‌ ‌ဦးစီးပဓာန နာယက ဆရာတော်ကြီးများနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ တက်ရောက်လာကြသည့် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်ပရိတ်သတ်များက စာမေးပွဲခန်းမအတွင်းသို့ နေရာယူကြပြီးနောက် ငါးပါးသီလနှင့် ရတနာမြတ်သုံးပါးအား ပူ‌ဇော်ကန်တော့ ကြည်ညိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဝိနယာနုဂ္ဂဟစာမေးပွဲသို့ ရဟန်း(၁၄)ပါး၊ ရှင်သာမဏေ (၂၂၃)ပါး၊သီလရှင်(၃၉)ပါးနှင့် လူပုဂ္ဂိုလ်အမျိုးသား/အမျိုးသမီး(၃၄)ဦးတို့က အကြီးတန်း၊အလတ်တန်း၊ အငယ်တန်း၊ ဝိနည်း၊ ရှင်ကျင့်ဝတ်တန်း၊ ဓမ္မပဒပထမ၊ ဒုတိယနှင့်တတိယအဆင့်တို့ကို ဒီဇင်ဘာလ (၂) ရက်မှ (၄)ရက် အထိ ဖြေဆိုကြမည်ဖြစ်ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)