မိတ္ထီလာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မိတ္ထီလာ ဒီဇင်ဘာ ၄

မိတ္ထီလာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ်လက်ကမ်းစာစောင်များကို ယမန်နေ့ညနေ ၃ နာရီက အ.ထ.က (၁) လမ်းဆုံနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဒို့အတူတူမဲပေးကြမယ်လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာဖြတ်သန်းသွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများထံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ပြီး အဆိုပါလက်ကမ်းစာစောင် အစောင်ရေ ၁ဝ၅ဝ စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ချမ်းသာ