တောင်ကြီး ဒီဇင်ဘာ ၄
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များနှင့် မြို့များ၊ ရပ်ကွက်၊ ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစနစ် (Door to Door) မြေပြင်ကွင်းဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄) ဖြင့်ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မဲစာရင်းမှန်ကန်စေရေးနှင့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းတွင်မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်မှုကို တောင်ကြီးမြို့ပေါ်တွင် စာရင်းရှိ (၇၅)အုပ်စုတို့တွင် တာဝန်ရှိသူအဆင့်ဆင့်တို့က မဲစာရင်းမှန်ကန်စေရေးအတွက် စနစ်တကျ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် မဲစာရင်းမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုကို တာဝန်ရှိသူအဆင့်ဆင့်တို့က စနစ်တကျ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထက်ဝေအောင်