ပခုက္ကူမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် စာမေးပွဲကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာစာဘာသာ၊ အင်္ဂလိပ်စာဘာသာ၊ အထွေထွေဗဟုသုတ၊ ကြံ့ခိုင်မှုစွမ်းရည် (ကာယ)နှင့် လူတွေ့နုတ်ဖြေစာမေးပွဲများ ပါဝင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ Grade(9)မှ Grade(12)အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းနှင့် တာဝန်ကျ ဆရာ၊ ဆရာမများက စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)