စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

မင်းတုန်း ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ ညနေ ၂ နာရီက ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးလောင်မှု အခြေခံသဘောတရားများ၊ မီးငြိမ်းသတ်နည်းများ၊ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းများ၊ မီးအတန်းအစားများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များအား ဟောပြောပို့ချခဲ့သည်။

ထို့နောက် ဒုမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ပြသခြင်း၊ အဝတ်စိုအသုံးပြု၍ လက်တွေ့ငြှိမ်းသတ်ပြသခြင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေပက်ဖျန်း ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)