ရန်ကုန် ဒီဇင်ဘာ ၄
၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာပေးအပ်ခြင်း၊ နွေစပါးအတွက် Drum Seeder များ ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းကျော်၏လယ်တွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က နွေစပါးစိုက်ပျိုးမှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေအသုံးပြုမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တောင်သူများအား နေကြာမျိုးစေ့များ၊ ဓာတ်မြေဩဇာများနှင့် Drum Seeder များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြသထားသည့် စပါးမျိုးစေ့နမူနာများ၊ ဓာတ်မြေဩဇာများ၊ ဝတ်မှုံကူးမည့် ပျားသေတ္တာခွံများနှင့် Drum Seeder များ၊ ဆိုလာအနိမ့်တင်ရေတင်စက်ဆောင်ရွက်နေမှုနှင့် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မန္တလေး-ရန်ကုန်အမြန်လမ်းမဘေး၊ (၂၂) မိုင်ရှိ မြန်မာ့ဂုဏ်ရည်ရော်ဘာခြံနှင့် ရိုဘတ်စတာကော်ဖီပျိုးခြံတွင် ကော်ဖီစိုက်ခင်းပြုစုထိန်းသိမ်းခြင်း သင်တန်းပို့ချနေမှုအား ကြည့်ရှုအားပေးကာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်နှင့် လှည်းကူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်တို့က ရိုဘတ်စတာကော်ဖီပျိုးပင်များကို စိုက်ပျိုးမည့်သူများအား ပေးအပ်ကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကော်ဖီစိုက်ခင်းပြုစုထိန်းသိမ်းခြင်း သင်တန်းနည်းပြ ဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ပြသထားသည့် ရော်ဘာထုတ်လုပ်ပစ္စည်းများ၊ ရိုဘတ်စတာကော်ဖိပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ရိုဘတ်စတာကော်ဖိပင်စိုက်ပျိုးထားမှုအခြေအနေများကို မော်တော်ယာဉ်ဖြင့် ခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)