မြင်းခြံမြို့၌ ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြင်းခြံ ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဒို့အတူ မဲပေးကြမယ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြို့လယ်ခေါင် နာရီစင်နှင့် အေးမြသီတာဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ဖြတ်သန်းသွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများထံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်မင်းသန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်စာရေးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ပြီး အဆိုပါလက်ကမ်းစာစောင် အစောင်ရေ ၃၀၀၀ စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)