ပေါင်းတည်၌ သီးနှံများ ဓာတုဓာတ်ကြွင်း ကင်းစင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သီးနှံများ ဓာတုဓာတ်ကြွင်း ကင်းစင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက မြေနံ့သာကျေးရွာ အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ တောင်သူ ပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများကို အသိပညာမျှဝေကာ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာပြည်သူများနှင့် အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ကျေးလက်ပြည်သူများ၏ တင်ပြချက်များအပေါ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)