အထက်မင်းလှ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စိုးလင်းနှင့် တပ်ဖွဲ့ဝင်များက မဲပေးစက်များထားရှိရာ နေရာတို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိရမည်ဖြစ်ကြောင်း၊ မီးလောင်လွယ်စေသော လောင်စာများ မဲပေးစက်အနီးတွင် ထားရှိခြင်း မပြုကြစေလိုကြောင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျကိုင်တွယ် အသုံးပြုနည်းကို လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)