ကြို့ပင်ကောက် ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာအားကစားလတွင် စုပေါင်းလမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နံနက်ခင်း လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းပြုလုပ်ကြသော ဒေသခံပြည်သူများအား နံနက်စာ ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကိုလည်း ဆုများ ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ပြန်ဆက်)