မြောက်ဥက္ကလာပ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးနှိုးဆော်သည့် "ဒို့အတူတူမဲပေးကြမယ်" မြေစိုက်ဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးနှိုးဆော်သည့် "ဒို့အတူတူမဲပေးကြမယ်" မြေစိုက်ဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များကို လမ်းဆုံလမ်းခွများ၊ ခရီးသည်မော်တော်ယာဉ်လိုင်းများရှိ ပြည်သူများ၊ ဈေးများရှိ ဈေးရောင်းဈေးဝယ်လာကြသူများနှင့် ဒေသခံပြည်သူများများထံသို့ စုပေါင်း၍ ဖြန့်ဝေပေးခဲ့ကြသည်။
သက်လွင်စိုး (ပြန်/ဆက်)