မိုင်းတုံ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်သို့ ၂၀၂၅ ခုနှစ်၊ ယမန်နေ့ ညနေ ၅ အချိန် ၄၅ မိနစ်အချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် အဖွဲ့သည် ခရိုင် /မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒီဇင်ဘာလ ၃ ရက်နေ့ ၃ နာရီခွဲအချိန်က အ.ထ.က မိုင်းတုံစာသင်ကျောင်းဝန်းရှိ နီလာဆောင်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ခရိုင်/မြို့နယ် ပညာရေးမှ ဆရာ/ဆရာမများနှင့်တွေ့ဆုံ အဖွင့်အမှာစကားပြောကြားပြီး ပညာရေးကဏ္ဍနှင့်ပတ်သတ်များကိုမှာ ကြားပြီးနောက် ဆရာ/ဆရာမများမှ တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် ပုံမှန်သင်ကြားနေမှုတင်ပြသည်။ ဆက်လက်၍ ၅ နာရီ ၅ မိနစ်အချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့် ရှောက်နေ့မှုများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကိုမှာကြားကာ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲဆောက်နေမှုကို ကြည့်ရှုခဲ့သည်။
ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာတိုးမောင်က ကျန်းမာရေ ကဏ္ဍနှစ်ပတ်သက်၍ နိုင်ငံဝန်ထမ်းများအားလုံး အခမဲ့ ဆေးကုသနိုင်ရေးနှင့် အတတ်နိုင်ဆုံး သက်သာနိုင်စေရေး စီစဉ်ဆောင်ရွက်နေကြောင်းနှင့် လိုအပ်သည့် အခါဆက်သွယ်နိုင်ကြောင်း မှာကြားခဲ့ပြီးနောက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တစ်ဦးချင်းမိတ်ဆက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြခဲ့ရာရှမ်းပြည် နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ပေါင်းဆပ်ညှိနှိုင်း၍လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)