ဆီဆိုင် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် လွတ်လပ်ရေးနေ့ကို မမေ့ဘဲ အမြဲသတိရ အောက်မေ့နေစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အထက်တန်းနှင့် အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၅၁)ဦးတို့က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်အမွေ စောင့်ထိန်းလေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ဘိုးဘွားပေးဝေ၊ ချစ်အမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့ တို့မမေ့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “အထွတ်အမြတ်တွေး လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)