ရန်ကုန် ဒီဇင်ဘာ ၄
မြန်မာနိုင်သတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီက စီစဉ်သည့် သတင်းမီဒီယာသင်တန်းအမှတ်စဉ် (၅) ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂)၊ သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ကျော်ဒင်က သင်တန်းကာလ သင်ကြားရေးဆိုင်ရာများကို သုံးသပ်ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အောင်မြင့် (ပြန်/ဆက်)