ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆို

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်းအဆင့်  Grade-9, Grade-10, Grade-11မှ ကျောင်းသား/ ကျောင်းသူ (၇၈) ဦး ဖြေဆိုလျက်ရှိရာ လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာလ (၃) ရက်နေ့တွင် မြန်မာစာဘာသာနှင့် အင်္ဂလိပ်စာဘာသာ၊ ဒီဇင်ဘာ ၄ ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေဖြေဆိုရမည်ဖြစ်ပြီး ၅ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းများ လက်တွေ့ဖြေဆိုရမည်ဖြစ်ပြီး မဟာအောင်မြေခရိုင်၊ ပညာရေးမှူး ဒေါက်တာသက်လှစုနှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာနိုင်တို့က အနီးကပ်ကြီးကြပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)