အောင်မြေသာစံ ဒီဇင်ဘာ ၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်မြေသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက အခွန်ဆိုင်ရာဆွေးနွေးပွဲကို ဒီဇင်ဘာလ ၄ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၆၅လမ်း၊ ၂၂×၂၃ လမ်းကြား တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်နွယ်ဌေးက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မေစံပယ်ဖြူအောင်က ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် အခွန်ဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဟောပြောရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင် (၁၀၀) ဦး တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)