သံတောင်ကြီး ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်စာမေးပွဲတွင် မြန်မာစာဘာသသာ၊ အင်္ဂလိပ်စာဘာသာ၊ အထွေထွေဗဟုသုတ၊ ကြံ့ခိုင်မှုစွမ်းရည် (ကာယ) နှင့် လူတွေ့နှုတ်ဖြေစာမေးပွဲများ ပါဝင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ Grade-9 မှ Grade -12 ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါမြို့ နယ်အဆင့်လူရည်ချွန်ရွေးချယ်စာမေး၌ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျဆရာ/ ဆရာမများက စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ