ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးနှင့် မဲရုံများ၏ ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေး

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းက စတင်ကာ ချမ်းမြသာယာရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် မဲရုံများ၏ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ယင်း ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦး၊ အရန် ၃၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ချမ်းမြသာယာရပ်ကွက်အတွင်းရှိ‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မဲရုံများ၏ပတ်၀န်းကျင်ရှိ နေအိမ်များအား တစ်အိမ် တက်ဆင်းစစ်ဆေး၍ ရွေးကောက်ပွဲကာလအတွင်း မီးကိုသတိပြု၍သုံးစွဲကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရန် မှာကြားပြီး မီးသတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)