တောင်သာ ဒီဇင်ဘာ ၄
တောင်သာမြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းများကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်နှင့်တစ်နှစ်အောက်ကလေးငယ်များအတွက် ထိုးနှံပေးခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံခြင်းမရှိသောနေရာများမှ ကိုယ်ဝန်ဆောင်နှင့် တစ်နှစ်အောက် ကလေးငယ်များကို လစဉ်လဆန်း ၃ ရက်နေ့တိုင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန် ဒေါက်တာ အောင်မျိုးဝင်းမှကြီးကြပ်ပြီး၊ ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် တိုးချဲ့ကာကွယ်ဆေးများကို ကျေးရွာပေါင်း ၂၂၈ ရွာမှ လူဦးရေ ၂၀၀ နီးပါး ခန့်လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)