အောင်မြေသာစံ ဒီဇင်ဘာ ၄
ဒီဇင်ဘာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ပင်ဈေးအနီး၌ ဖြန့်ဝေကြကြောင်း သိရသည်။
“ဒို့အတူတူမဲပေးကြမယ်”ဟူသော ဆောင်ပုဒ်နှင့်အညီ "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့" ဟူသည့် ရည်ရွယ်ချက်ဖြင့် ပုဇွန်တောင်ဈေး၊ ရေကျော်ဈေး၊ ကားဂိတ်များနှင့် လူစည်ကားသည့်နေရာများတွင် စာစောင်များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် "ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့ ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ"၊ "ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့" စသည့် အကြောင်းအရာများ ပါဝင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့က လက်ကမ်းစာစောင် အစောင် (၃၀၀)ကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)