စဉ့်ကိုင် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (မြို့နယ်အဆင့်) လူရည်ချွန်ရွေးချယ်စာမေးပွဲ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေကို ယနေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ (မြို့နယ်အဆင့်)လူရည်ချွန်ရွေးချယ်စာမေးပွဲ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ ဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများမှ Grade-9ကျောင်းသား၊ကျောင်းသူ(၁၇)ဦး၊ Grade(10) ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ Grade-11 ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး၊ Grade-12 ကျောင်းသား၊ ကျောင်းသူ (၁၁) စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် တာဝန်ရှိ ဆရာ၊ဆရာမများက စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)