ညောင်ဦးမြို့နယ်၌ ဆန္ဒမဲပေးနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ညောင်ဦး ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်ဈေး၊ လေယာဉ်ကွင်းလမ်းဆုံတို့တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ မြို့နယ်လမ်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်မြင့်အောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်၍ ခရီးသွားပြည်သူများအားလည်းကောင်း၊ ဈေးသူ/ဈေးသားများလည်းကောင်း၊ ဈေးဆိုင်ခန်းများအားလည်းကောင်း ရွေးကောက်ပွဲတွင် “ဒို့အတူတူ မဲပေးကြမယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)