ကျောက်ဆည်မြို့နယ်အတွင်း မဲရုံပြုလုပ်မည့် နေရာများတွင် မီးဘေးလုံခြုံရေးဆောင်ရွက်

ကျောက်ဆည်  ဒီဇင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံပြုလုပ်မည့်နေရာများ မီးဘေးလုံခြုံရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသန့်ဇင်ဦး ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦး ဦးဆောင်၍ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး မြို့နယ်အတွင်း မဲရုံပြုလုပ်မည့် အခြေခံပညာစာသင်ကျောင်းများ၊ ဓမ္မာရုံများ၏ ပတ်ဝန်း ကျင်ရှိ စီးပွားရေးလုပ်ငန်းများ၊ လူနေအိမ်များ၌ မီးလောင်ခြင်း၊ မီးလန့်ခြင်းများ ကင်းဝေးစေရေး မီးသုံးစွဲမှုများအားစစ်ဆေးခဲ့ပြီး  အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)