မြစ်သားမြို့နယ်တွင် ခေတ်မီစပါးခြွေလှေ့စက်ကြီးဖြင့် စပါးများသန့်စင်ခြွေလှေ့ပေး

မြစ်သား ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူလယ်သမားများမှာ ဆောင်းစပါးများရိတ်သိမ်းရာတွင် ခေတ်မီစပါးရိတ်စက်များဖြင့် ရိတ်သိမ်းပြီး ကောက်လှိုင်းများ ခြွေလှေ့ရာတွင်လည်း ခေတ်မီစပါးခြွေလှေ့စက်များကို အသုံးပြုကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 မြစ်သားမြို့နယ်ရှိ ခြွေလှေ့စက်များကို တစ်နာရီလျှင် ဝန်ဆောင်ခအဖြစ် ကျပ် ၁၇၀,၀၀၀ ပေးရပြီး တစ်နာရီခြွေလှေ့ရာတွင် စပါးအထွက်နှုန်းအပေါ် မူတည်၍ တင်း ၇၅ မှ တင်း ၈၀  အထိရကြောင်း ရွာသစ်ကျေးရွာနေ တောင်သူ ဦးဇော်နိုင်ထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)