ညောင်ဦးမြို့နယ်၌ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ညောင်ဦး ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွင့်လှစ်ဆောင်ရွက်သွားမည့် မဲရုံများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၄ ရက် နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သောမီး သတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူများ လိုက်ပါလျက်၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ ပူးပေါင်းလျက် ညောင်ဦးမြို့ အမှတ်(၄) ရပ်ကွက်အတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည့် မဲရုံများဖြစ်သော အခြေခံပညာမူလတန်းကျောင်း(၄)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ သာသနာရေးခန်းမ (တိုက်ကုန်း)နှင့် မဲရုံပတ်ဝန်းကျင်လူနေအိမ်များ၊ အမှတ် (၅) ရပ်ကွက်အတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေခံပညာမူလတန်းကျောင်း(၅)၊ ဧည့်ရိပ်သာ (ရွှေစည်းခုံ)၊ သီရိပစ္စယာဓမ္မရုံ၊ အခြေခံပညာမူလတန်းကျောင်း(မင်္ဂလာသာစည်)နှင့် ပတ်ဝန်းကျင်လူနေအိမ်များ၊ မဲရုံ ၇ ရုံ၊ အိမ်ခြေ ၁၄၀၊ အိမ်ထောင်စု ၁၃၅ စု၊ လူဦးရေ ၅၂၀ ဦးတို့အား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊ အကြံပြုခြင်းနှင့် အသိပညာပေးလုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)