မဟာအောင်မြေ ဒီဇင်ဘာ ၄
မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို မဟာအောင်မြေမြို့နယ် ရပ်ကွက်အတွင်းရှိဈေးများ၊ လူစည်းကားသည့်နေရာများ၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေသည်။
အဆိုပါ လက်ကမ်းဖြန့်ဝေမှုကို မဟာအောင်မြေမြို့နယ်ရှိ (၁၈) ရပ်ကွက်အတွင်း ဈေးသည်များ၊ ခရီးသွားပြည်သူများနှင့် လူစည်ကားသည့်နေရာများ၌ ရွေးကောက်ပွဲကာလတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များကို ရပ်ကွက်များရှိ စျေးရောင်းစျေးဝယ် ပြည်သူများအားလည်းကောင်း၊ လူစည်ကားသည့်နေရာများရှိ အများပြည်သူများအားလည်းကောင်း “ရွေးကောက်ပွဲတွင် ဒို့အတူမဲပေးကြမယ်” ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့်အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်စာရေးများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများမှ ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း