မဟာအောင်မြေမြို့နယ်၌ 40 Kg Gas အိုး ခေါင်းပွင့်ထွက်ပြီး Gas အိုး ယိုစိမ့်ရာမှ မီးလောင်မှု ဖြစ်ပွား

‎‎မဟာအောင်မြေ ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈ လမ်း၊ ၄၃ လမ်း× ၁၀၁ လမ်းကြားရှိ (ပေါက်ကျိုင်း လက်ဖက်ရည်ဆိုင်) (၃၀×၆၀) ပေ၊ သွပ်မိုး၊ ထန်းလုံးတိုင်၊ မြေစိုက်အဆောက်အဦ၏ စားဖိုဆောင်တွင် 40 Kg Gas အိုး ခေါင်းပွင့်ထွက်ပြီး gas များ ယိုစိမ့်ရာမှ ယနေ့နံနက်ပိုင်း ၇ နာရီ ၃၈ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

‎‎‎‎မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦး၊ စုစုပေါင်း (၁၀၀) ဦး၊ Level -1 ယာဉ်အုပ်စု၊ မီးငြှိမ်းသတ်ယာဉ် (၁၀) စီး၊ မီးသတ်ရေသယ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၃) စီး၊ စုစုပေါင်း (၁၈) စီး၊ ရေဂါလံ (၈၀၀၀) ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၃ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

‎‎အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ လူနှင့်တိရိစ္ဆာန်များ သေဆုံးမှုမရှိကြောင်း သိရသည်။

အောင်ဇော်မင်း