စဉ့်ကိုင် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံနေရာများနှင့် မဲရုံပတ်ဝန်းကျင်ရှိ နေအိမ်များအား ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မီးလန့်မှုများနှင့် အခြားသောမတော်မဆမှုများ မဖြစ်ပွားစေရေးအတွက် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက် ဦးဆောင်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ မဲရုံနေရာများနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ ရေ/ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး၊ မီးငြှိမ်းသတ်ရေး စနစ်များတပ်ဆင် ထားရှိမှုများနှင့် မီးကြွင်း/မီးကျန်များမရှိစေရေးတို့အား စစ်ဆေးအကြံပြုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)