ငါန်းဇွန်မြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်း

ငါန်းဇွန် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၅/၁၅၄၈) ရှိ တောင်သူ ဦးကြည်တင်၏ မိုးစပါး (မနောသုခ) စိုက်ခင်းတွင် ၂၀၂၅-၂၀၂၆ ခုနှစ် အထွက်နှုန်း မှန်ကန်စေရေးအတွက် ယနေ့နံနက် ၉ နာရီက မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါး (မနောသုခ) စိုက်ခင်း စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဉက္က ဦးမျိုးမင်းသိန်း နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ရာ တစ်ဧကအထွက်နှုန်း (၉၂) တင်း ထွက်ရှိကြောင်း သိရသည်။      

သက်နောင်ဦး(ငါန်းဇွန်)