ချမ်းအေးသာစံမြို့နယ်အတွင်းရှိ “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာများ စိုက်ထူ

ချမ်းအေးသာစံ ဒီဇင်ဘာ ၄

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူစည်ကားသည့်နေရာများ၌ ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ကာ လူစည်ကားသည့်နေရာများတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် “ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” မြေစိုက်ပိုစတာများအား စိုက်ထူခဲ့ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့် ဌာနဆိုင်ရာ အကြီး အကဲများက “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာများအား အမွှေးနံ့သာရည်များ ဖြန်းပတ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)