ပြည်ကြီးတံခွန်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ဘုတ်များ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ မဲဆန္ဒပေးနိုင်စေရေး အသိပညာပေး နှိုးဆော်သည့်၊ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ဘုတ်များ စိုက်ထူ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီက ၆၂ လမ်းနှင့် ၁၁၆ လမ်းထောင့်၊ (ဃ) ရပ်ကွက်ရှိ ရွှေမန္တလေး ကဖေးဆိုင်နားတွင်လည်းကောင်း၊ ၆၇ လမ်းနှင့်၁၁၅ လမ်းထောင့်၊ (က) ရပ်ကွက်ရှိ My Hero Cafeဆိုင်တွင်လည်းကောင်း၊ ၆၈ လမ်းနှင့် ၁၁၈ လမ်း ထောင့်၊ (ဂ) ရပ်ကွက်တွင်လည်းကောင်း၊ ၅၃ လမ်းနှင့် ၁၃၁ လမ်းထောင့်၊ (ဆ) ရပ်ကွက်ရှိ နန်းယဉ်ပျံစျေးနှင့် လူစည်းကားရာနေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

အဆိုပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မြေစိုက်ဘုတ်စိုက်ထူခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ရာအိမ်မှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် လူစည်ကားရာနေရာများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်ရှိ စားသောက်ဆိုင်‌ရှေ့နားများ၊ စျေးဆိုင်အရှေ့တို့တွင် အသိပညာပေးနှိုးဆော်ခဲ့ပြီး ဒို့အတူတူမဲပေးကြမယ်၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)