ချောက် ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်း စာမေးပွဲ သင်္ချာနှင့် အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေဆိုခြင်းများကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း မှ လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်း စာမေးပွဲတွင် (Grade-9) ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး၊ (Grade-10) ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ (Grade-11) ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး၊ (Grade-12) ကျောင်း သား၊ ကျောင်းသူ (၉) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၄၀) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်း စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်စစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ပြီး လူရည်ချွန် ရွေးချယ်ရေးစစ်ဆေးခြင်းစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူး ဦးဆောင်ပြီး အခြေခံပညာ အထက်တန်း/အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်၍ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ် စောင့်ကြပ်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)