တောင်ငူ ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါ်ကြူကြူဝင်းက ကျောင်းစည်းကမ်းဆိုင်ရာ ဆုံးမသြဝါဒများ ပြောကြားသည်။
ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ဌာနမှူးများနှင့် မိတ်ဆက်ပေးပြီး သက်ဆိုင်ရာပါမောက္ခ/ဌာနမှူးများက မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်တွင် လက်ရှိကျင့်သုံးနေသော Credit System အကြောင်း၊ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဘာသာရပ်အကြောင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ Career Path များကို ရှင်လင်းပြောကြားရာ ကျောင်းသားကျောင်းသူများက မသိသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။ ထို့နောက် စီနီယာကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မောင်မယ်သစ်လွင်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)တွင် မောင်မယ်သစ်လွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးနှင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၂၃)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)