မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ (၂/၂၀၂၅) ကွန်ပျူတာကျွမ်းကျင်မှု Advanced Course အခြေခံသင်တန်းဖွင့်လှစ်

မကွေး ဒီဇင်ဘာ ၄

ဌာနဆိုင်ရာဝန်ထမ်းများအတွက် ယခင်ကွန်ပျူတာ အခြေခံသင်တန်းများအပေါ် အခြေခံပြီးပိုမိုခိုင်မာသည့် နည်းပညာနှင့်စွမ်းရည်များကို တိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်၍ Advanced Course ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ၊ ဆရာမများ၊  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ယနေ့ဖွင့်လှစ်တဲ့ သင်တန်းဟာ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ယခင် ကွန်ပျူတာ အခြေခံသင်တန်းများအပေါ် အခြေခံပြီး ပိုမိုခိုင်မာသည့် နည်းပညာနှင့် စွမ်းရည်များကို တိုးမြှင့်ပေးနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကွန်ပျူတာ ကျွမ်းကျင်မှု Advanced Course (၂/၂၀၂၅) သင်တန်းဖြစ်ကြောင်း၊ ယခုလို ပညာရပ်များလေ့လာသင်ယူခြင်းသည် ယနေ့ခေတ် အရေးကြီးလှသော Digital Transformation, e- Government & Industry 4.0 ခတ်သစ်အတွင်းမှာ တိုက်ရိုက်အသုံးပြုနိုင်မယ့် ပညာရပ်များပဲဖြစ်ကြောင်း အထူးသဖြင့် သင်တန်းသား၊ သင်တန်းသူများအနေနဲ့ မိမိတို့ရုံးလုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်အောင် ဦးတည် သင်ကြားပေးသွားမှာ ဖြစ်ကြောင်း၊ နှစ်စဉ်ဌာနဆိုင်ရာ ဝန်ထမ်းများအား တစ်နှစ်လျှင် (၂)ကြိမ် ယခုလိုသင်တန်းများကို ဖွင့်လှစ်ပေးခြင်းအားဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သာမက အဖွဲ့အစည်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုအပေါ်တွင် တန်ဖိုးကြီးမားသည့် အခန်းကဏ္ဍတွေကိုပါ ထမ်းဆောင်နိုင်ဖို့မျှော်လင့်ပြီး ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပို့ချမယ့် ကွန်ပျူတာပညာရပ်တွေနဲ့ မိမိတို့ရဲ့ ရုံးလုပ်ငန်းတွေကို အချိန်မီပြီးစီးဖို့၊ တိကျမှန်ကန်ဖို့အပြင် ရုံးပိုင်းဆိုင်ရာ လျှို့ဝှက်သင့်သည့် ကိစ္စရပ်များအပေါ်တွင်လည်း သစ္စာရှိရှိ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးကွန်ပျူတာက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်းမှ သင်တန်းတွင် ပို့ချမည့် အစီအမံများအား ရှင်းလင်းတင်ပြပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများအား တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီး အတွင်းရေးမှူးတို့က ပေးအပ်ရာ သင်တန်းသား(၂)ဦးက လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၃၀) ဦးအား သင်တန်းနည်းပြများက ကွန်ပျူတာဖြင့် အခြေခံရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Word ၊ Excel ၊ Power point Application များအပြင် Website များ၊AI Tool အသုံးပြုပုံပြုနည်းနှင့် သတင်းအချက်အလက်များကို Website တွင် Upload ပြုလုပ်ခြင်းဆိုင်ရာများကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း Section (၂) ခုခွဲ၍ နှစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)