ဖျာပုံမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုအားပေး

ဖျာပုံ ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သက်ဆိုင်ရာဌာနအလိုက် အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်ဝင် တစ်အိမ်ထွက် (Doot to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယမန်နေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့​ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် ခရိုင်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များလိုက်ပါခဲ့ပြီး ဖျာပုံမြို့နယ် အမှတ်(၁၄)ရပ်ကွက်နှင့် အမှတ်(၁၆)ရပ်ကွက်များ၌ မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ၏ အသက် (၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်း မပါဝင်သင့်ပဲ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ မပါဝင်သင့်သူများ မပါဝင်စေရေးတို့အတွက် လိုအပ်သည့် ပုံစံများ ဖြည့်သွင်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုအားပေး၍ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ရွေးကောက်ပွဲနှင့်ပတ်သတ်သည့် ပြည်သူများ သိသင့်သိထိုက်သော အချက်အလက်များကို ဆွေးနွေးမေးမြန်းပြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်