တံတားဦး ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မြို့မဈေးတွင် ယခုအခါ ပွင်းလင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ (၂)နာရီက မီးဘေးလုံခြုံရေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာသို့ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်မင်းမပ်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပူပေါင်းဆောင်ရွက်ကြသည်။ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိက မြိုမဈေးအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကတ်၊ ရေကန်များနှင့် အရေးပေါ်မီးငြိမ်းသတ်ရေးပစ္စည်းများ အသင့်ရှိရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံများကို မီးအသုံးပြုကြသည့် ဈေးဆိုင်များအားဟောပြောပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် မြို့မဈေးအတွင်း အရေးပေါ်မီးသတ်ယာဉ်များ ဝင်/ထွက်သွားလာနိုင်သည့် လမ်းကြောင်းများကြည့်ရှုစစ်ဆေးခြင်းနှင့် ဈေးဆိုင်များ၊ ဈေးရုံများအား မီးဘေးကြိုတင် ကာကွယ်ရေးများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ရဲတင့် (ပြန်/ဆက်)