သာပေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ ကျင်းပ

သာပေါင်း ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၌ စတင်ကျင်းပလျက်ရှိသည်။

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ စာရိတ္တကောင်းမွန်သည့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူရည်ချွန် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လူရည်ချွန်စိစစ်ရွေးချယ်ပွဲကို မြို့နယ်ပညာရေးမှူးဦးထွန်းမင်းလတ်က ကြီးကြပ်လျက် Grade-9 (နဝမတန်း)တွင် ကျောင်းသား (၃)၊ ကျောင်းသူ(၆) ပေါင်း(၉)ဦးတို့အား ဖြေဆိုချိန် (၁း၃၀)သတ်မှတ်ထားရှိ ဖြေဆိုလျက်ရှိကြပြီး၊ Grade -10 (ဒသမတန်း)တွင် ကျောင်းသား (၃)၊ ကျောင်းသူ (၇) ပေါင်း (၁၀)ဦးနှင့် Grade -11(ဧကာဒသမတန်း)တွင် ကျောင်းသား(၄)၊ ကျောင်းသူ (၇) ပေါင်း(၁၁)ဦး၊ Grade-12 (ဒွါဒသမတန်း)တွင် ကျောင်းသား (၂)၊ ကျောင်းသူ (၃) ပေါင်း(၅)ဦးတို့သည် မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာတို့ကို ဖြေဆိုချိန်(၂)နာရီသတ်မှတ်ထားရှိဖြေဆို‌နေကြပြီး အထွေထွေဗဟုသုတ လူတွေ့နှုတ်ဖြေအား ဒီဇင်ဘာလ(၄)ရက်နေ့၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဒီဇင်ဘာလ (၅)ရက်နေ့တို့တွင် ဆက်လက်စိစစ်ရွေးချယ်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးထွန်းမင်းလတ်ထံမှ သိရသည်။

သိန်းမြင့်မျိုးဦး (ပြန်/ဆက်)