ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ

ကန်ကြီးထောင့် ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပလျက်ရှိသည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ Grade-9,Grade-10,Grade-11နှင့် Grade-12 ကျောင်းသား(၂၀)ဦး ၊ ကျောင်းသူ(၂၃)ဦး၊ စုစုပေါင်း (၄၃)ဦး စာရင်းပေးသွင်းထားပြီး ယနေ့ (မြန်မာစာ၊ အင်္ဂလိပ်စာ) ဖြေဆိုသူ ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ (၂၀)ဦး၊ စုစုပေါင်း(၃၉)ဦးရှိရာ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကာလအား ဒီဇင်ဘာလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိဖြစ်ပြီး ယင်း(၃)ရက်အတွင်း မြန်မာစာ၊ အင်္ဂလိပ်စာ၊  အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်း စသည်တို့အား စစ်မေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)