ဇလွန် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ မဲစာရင်းများမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်အတူ လိန်ကုန်းကျေးရွာအုပ်စု အုန်းကုန်းကျေးရွာနှင့် ညောင်ပင်စျေးရပ်ကွက်သို့ကွင်းဆင်း၍ မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေး၊ မဲစာရင်းများမှန်ကန်ရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် -၃ ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစီစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် UID ကတ်များနေ့ချင်းပြီး ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး၍ ကတ်များပေးအပ်ခဲ့သည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)