ဓနုဖြူ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း Door to Door ကွင်းဆင်ဆောင်ရွက်နေမှု မြေပြင်အခြေအနေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိလာပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင် ဦးဆောင်သော မြို့နယ်မဲစာရင်းများမှန်ကန်မှုရှိစေရေး စစ်ဆေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ဓနုဖြူမြို့၊ အမှတ် (၈) ရပ်ကွက်၊ ဘုရားလမ်းတွင် ရပ်/ကျေး မြေပြင်ကွင်းဆင်း ကောက်ယူရေးအဖွဲ့မှမဲစာရင်းများမှန်ကန်မှုရှိစေရေးတစ်အိမ်တက်ဆင်း Door to Door ကွင်းဆင်းဆောင်ရွက်နေမှု မြေပြင်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်